Events
The 2nd Asian Agriculture and Food Forum 2020 (ASAFF 2020)
Updated At: 2020-02-26 06:15:04
“The 2nd Asian Agriculture and Food Forum 2020 (ASAFF 2020)” ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ Jakarta Convention Centre တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။
ယင်းဖိုရမ်အား Government to Government နှင့် Business to Business တို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ပြပွဲတစ်ရပ်ကျင်းပနိုင်ရန်နှင့် Smart Farming နှင့် Digital Farming တို့မှတဆင့် စိုက်ပျိုးရေးကဏ္ဍတွင် လူငယ်များ ပိုမို ပါဝင်နိုင်ရေးအလားအလာကို မြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ Stakeholders များ တက်ရောက်နိုင်ရန် ဖိတ်စာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်သို့ (၂၅-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။
ဖိုရမ်ဆိုင်ရာအချက်အလက်များသိရှိလိုပါက website: http://asaff.id/program နှင့် Organizing Committee ၏ Email: [email protected] သို့လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။
Event Details
- Date
- Updating
- Location
- အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၊ Jakarta Convention Centre
- Website
- www.myantrade.org
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025